“အရောင်မွဲ မနက်ဖြန်ရဲ့ နေ့ခင်းကြယ်”
မိုးတိမ်တွေကိုကလွဲတာပါ …. အရွက်တွေကျိုးတို့ကျဲတဲနဲ့
ကံတရားခပ်မွဲမွဲလေးလောင်းပြီးစိုက်ထားခဲ့တာပဲ …..
မနေ့ကအတွေးတွေနဲ့ဒီနေ့ ငါ ကျဲကျဲတောက်ပူပြလိုက်တယ်
အတိတ်တွေတောင်မခံမရပ်နိုင်ဖြစ်လို့ …
ကြယ်ကြွေရင်ဆုတောင်းပြည့်သတဲ့… ကောင်းကင်ကစိတ်နာနာနဲ့မကြားတကြားရေရွတ်တယ်
ငါဆုတောင်းပြည့်ယုံလေးတော့ ကြယ်ရယ်…နင်မကြွေလိုက်ပါနဲ့ … ငါ့ဘာသာ ဘ၀မှာကော်ဖီခါးတစ်ခွက်သောက်ပြီးနေနေပါရစေ…
ကောင်မလေးရေ…နင်ပြောတဲ့ယုံကြည်မှုဆိုတာ ရေခဲတုံးတွေတော့မဖြစ်လိုက်ပါနဲ့ …
နေပူရင်ပျော်ကြလာတတ်တဲ့ နင့်မျက်ရည်တွေကိုငါကြောက်လို့ပါ
တကယ်တော့ နတ်ဘုရားတွေက သစ္စာတရားကိုဆော့ကစားဖို့များထားခဲ့သလားဟာ….
အခုဆိုနေ၀င်ရင် ညတွေနဲ့ နံပန်းလုံးပြီးဆော့တတ်လာတယ်
တကယ်တော့ ကောင်မလေးရယ် နင့်ရဲ့အချစ်ဆိုတာ ငါ့ကံတရားပါပဲ
နင့်ပြောတော့လက်ဖ၀ါးတဲ့ ငါကနင်မမြင်တဲ့လက်ဖမိုးကနေချစ်တယ်လို့ပြောခဲ့မိတာပါ….
ကံတရားရယ် နင်နောက်ဆိုမျက်ရည်တွေနဲ့မာယာမများပါနဲ့ဟာ…..
နင်ကတော့ကျီစားတာဆိုပဲ …. ငါတို့နှလုံးသားတွေကတော့ သွေးအလိမ်းလိမ်းနဲ့ …
ဘာပဲဖြစ်ဖြစ်ပါကောင်မလေးရယ် … မနက်ဖြန်တော့ ငါတို့အတွက်နေထွက်ဦးမှာပါ
တခုလေးပဲ …. အဲဒီတခုလေးပဲ
နေဆိုတာမထွက်တော့ရင်တောင် ငါ့ကိုယ်ငါမီးရှို့ပြီးမင်းအတွက်လင်းပေးမယ့်နေဟာ…ငါလို့…………
……………………………………………………………………………………………………………………

                        by သားသား



Leave a Reply.