ဘကုန်းနဲ့ဝလုံးကြားက လရေးနှစ်ချောင်ငင်လေး


ငါ….သစ္စာစူးလို့ ရူးဘူးတယ်
ဦးနှောက်ဗလာကြီးနဲ့ ဘ၀ဆိုတဲ့ကျောင်းထဲလျှောက်သွား……
ခါးခါးသီးသီးအရောင်တွေဝိုင်းဆိုးကြတယ် ….
ပန်းချီမဟုတ်ပါဘူးလို့အသည်းအသန်ငြင်းနေပေမယ့်
ငါ့ကိုယ်မှာ အခု ဆေးချက်ကြမ်းကြမ်းတွေပေလို့ အရောင်ကိုစုံရော..အဟား…ဘာတတ်နိုင်သေးလို့လဲ..?
ဘ၀လား….ခဏပါဟာ…
တခါတခါ…ဒဏ်ရာဆိုတာ ငါဘာလို့နာမည်တပ်ဖို့ခက်….ခဲ..
တလွဲတွေပါပဲဟာ…
တခါတခါ သေသွားပြီလို့ကိုယ့်ကိုကိုယ်ပြောပြောနေတတ်တဲ့ ချစ်သူတစ်ယောက်ရှိတယ်
နောက် ငါ့နောက်ကျောကို ဒါးတစ်ချောင်းနဲ့ ပွတ်သပ်ချော့မြူတတ်တဲ့
မိတ်ဆွေကောင်းတွေလည်းရှိပါရဲ့
ခမ်းခမ်းနားနား ပြိုကျသွားတဲ့ အတိတ်တွေမှာ….
လူမသိသူမသိရောင်းစားခံရတဲ့အိပ်မက်တွေရှိတယ်
တခါတလေ…..မျှော်လင့်ချက်တွေ ကို ညီမျှခြင်းချလို့
ဘ၀ဆိုတာ လူသားတွေအတွက် ကိန်းဂဏန်းတွေနဲ့အချိုးချလာတယ်
ငါ…..လူပါပဲဟာ…
ဘာသာ….သာသနာ…အသွေးအရောင်နဲ့အရာရာ ကွဲပြားရင်တောင်..မှ
လူပါပဲ…ဟာ..
တချို့တွေကတော့ ဇရာတွေကပ်နေတာတောင်မှ တဏှာတွေထပ်လို့
ကျောခြင်းကပ်နေဖူးတဲ့လက်တစ်ဘက်က နောက်ကွယ်မှာ ကြိုးတစ်ချောင်းကို ငါ့လည်ပင်းစွပ်နေတတ်သတဲ့
ဘယ်သူရှိမလဲ…
ငါ့ရင်ဘတ်ထဲငါ့လက်နဲ့ငါသာ ……
အသာအယာနွေးထွေးအောင် ချော့သိပ်ခဲ့တာထက်……….
ဘယ်သူသိမလဲ …………….
လူမသိသူမသိေ၇ာင်းစားလိုက်တဲ့ အိပ်ယာနဲ့ ဘ၀ဆိုတာ
အသာအယာ အချိုးကျနေကြသတဲ့….
ဘ၀….အဲ့ဒါ ဘ၀တဲ့လား…
ရိုးသားလွန်းရင်
မျှော်လင့်ချက်တွေဖွေးလို့ ငါ့ အိပ်မက်တွေပါးသွားတတ်တာ
အော်….ဘဂုံးနဲ့ ၀လုံးကြားက ငါတို့ဆိုတာ လရေးနှစ်ချောင်းငင်တွေပါ
နင်သိလား ကဗျာ..တခါတုန်းက…ငါဆိုတာ
ကိုယ့်သစ္စာကိုယ်စူးလို့ အဲ့လိုမျိုးတွေရူးဖူးတယ်…….

In: ကဗျာ Posted By: သားသား



Leave a Reply.