ဆုတောင်း ကျိန်စာ 

နင်မြင်အောင်ရီပြနိုင်ပေမယ့် ဘ၀ကလှိုင်းထနေမှတော့

ငါကြည့်မှန် ထပ်တူမကျဘူးဆိုတာ နားလည်ပါတယ်

နင်ရီအောင် ကြိုးတန်းပေါ်က ခဏခဏချော်ကျပြ

ငါ အောက်ရောက်လို့ဇက်ကျိုးမလား .. ငါမကြောက်ခဲ့ဖူးပါဘူးဟာ

ငါအထပ်ထပ်က ဒီဇာတ်ကို ဒီညသိမ်းမှာလား ……..ငါ မသိပါဘူး

သူများထက်လည်း ထူးပါတယ် သူများထက်လည်းရူးပါတယ်

တခါတခါ မျောက်မူးလဲကကွက်တွေနဲ့ .

ဟုတ်ပါတယ် နင်ပြောသလို ငါစောက်ရူးပါပဲဟာ.

နင်သိမ်းထားတဲ့အပျိုစင်ဘ၀ နင့်အနာဂါတ်ငါမပါရင်ပိုလှမယ်တဲ့လား ကဗျာ

မရေရာတဲ့အတွေးတွေနဲ့ မသေချာတဲ့ငါဆိုတာ .နင့်ရှေ့မှာ ဘာမှမရေရာတဲ့ကလေးလေးပါပဲဟာ.

နင့်အတွက် သေချာတဲ့ အချစ်တခု ငါရူးရူးမူးမူးပြုစုခဲ့တာပါ

ဒါနင်ပြောတဲ့ ဘ၀ပါဟာ

အရာရာကြွေကျ မြေခနေတာတောင် ငါကြောင်တောင်တောင်နင့်အတွက်ပွင့်ပေးချင်တဲ့ပန်း

တစ်သက်မှာတခါပါဟ….ထပ်ခါထပ်ခါ နင့်အတွက်ကြွေကျမိတာကလွဲလို့ပေါ့

မပြောတော့ပါဘူးဟာ…ငါရူးလောက်အောင်တိတ်တိတ်ကလေးကြွေမယ်

ငါမောချင်သလောက်မော ဒီဘ၀တော့ နင့်အတွက်ပျော်ပျော်ကြီးမျောမှာပေါ့ဟာ..

ငါ့ခန္ဓာ ငါ့အသက် နင်လက်အပ်ထားတယ်

နင်စေရင်သွား နင်မလိုရင်ထား နောက်ဆုံးငါဆိုတာ အခမဲ့ဆိုက်ကားတစ်စင်းပေါ့

ပေမမှီဒေါက်မမှီ…နင်ရီမယ်ဆိုရင်တောင်

နင်သိလားကဗျာ

ငါအရုပ်ကြိုးပြတ် င့ါအသက်ထက် နင့်ကိုချစ်တယ်

တလှပ်လှပ်လှိုက်မောနေတဲ့ရင်နဲ့ တလက်လက်ထနေတဲ့မျှော်လင့်ချက်

ငါ မျက်စိ…မကန်းပါဘူးဟ…ငါကန်းချင်ယောင်ဆောင်ပြီးချစ်ခဲ့တာ

ကဗျာ နင်သိမှသိရဲ့လားဟာ…

 နင့်အတွက်ငါ ချိနဲ့နေတဲ့ အားအင်နဲ့တောင် ပြုံးပြချင်တဲ့ကောင်ပါဟ

နောက်ဆုံးတော့ ငါလိုကောင် ယောင်တောင်တောင်ကြောင်တောင်တောင်နဲ့

ငါသိပါတယ်..ကဗျာ….အရာရာ နင့်အတွက်

မနက်မနက်ဆို နင့်အတွက်နင်မကြားအောင် တိုးတိုးလေးရေရွတ်ဖူးတယ်

နင်သိလား ကဗျာ ………….

အဲ့ဒါ….

ငါ……………..ဆိုတာ …….

နင်..လိုရင်……..

အသုံးတော်ခံ နင့်ဖိနပ်………….

In: ကဗျာ Posted By: သားသား



Leave a Reply.