ဆုတောင်း ကျိန်စာ
နင်မြင်အောင်ရီပြနိုင်ပေမယ့် ဘ၀ကလှိုင်းထနေမှတော့
ငါကြည့်မှန် ထပ်တူမကျဘူးဆိုတာ နားလည်ပါတယ်
နင်ရီအောင် ကြိုးတန်းပေါ်က ခဏခဏချော်ကျပြ
ငါ အောက်ရောက်လို့ဇက်ကျိုးမလား ….. ငါမကြောက်ခဲ့ဖူးပါဘူးဟာ…
ငါအထပ်ထပ်က ဒီဇာတ်ကို ဒီညသိမ်းမှာလား ……..ငါ မသိပါဘူး
သူများထက်လည်း ထူးပါတယ် သူများထက်လည်းရူးပါတယ်
တခါတခါ မျောက်မူးလဲကကွက်တွေနဲ့ ….
ဟုတ်ပါတယ် နင်ပြောသလို ငါစောက်ရူးပါပဲဟာ….
နင်သိမ်းထားတဲ့အပျိုစင်ဘ၀ နင့်အနာဂါတ်ငါမပါရင်ပိုလှမယ်တဲ့လား ကဗျာ
မရေရာတဲ့အတွေးတွေနဲ့ မသေချာတဲ့ငါဆိုတာ ….နင့်ရှေ့မှာ ဘာမှမရေရာတဲ့ကလေးလေးပါပဲဟာ….
နင့်အတွက် သေချာတဲ့ အချစ်တခု ငါရူးရူးမူးမူးပြုစုခဲ့တာပါ
ဒါ…နင်ပြောတဲ့ ဘ၀ပါဟာ…
အရာရာကြွေကျ မြေခနေတာတောင် ငါကြောင်တောင်တောင်နင့်အတွက်ပွင့်ပေးချင်တဲ့ပန်း
တစ်သက်မှာတခါပါဟ….ထပ်ခါထပ်ခါ နင့်အတွက်ကြွေကျမိတာကလွဲလို့ပေါ့
မပြောတော့ပါဘူးဟာ…ငါရူးလောက်အောင်တိတ်တိတ်ကလေးကြွေမယ်
ငါမောချင်သလောက်မော ဒီဘ၀တော့ နင့်အတွက်ပျော်ပျော်ကြီးမျောမှာပေါ့ဟာ..
ငါ့ခန္ဓာ ငါ့အသက် နင်လက်အပ်ထားတယ်
နင်စေရင်သွား နင်မလိုရင်ထား နောက်ဆုံးငါဆိုတာ အခမဲ့ဆိုက်ကားတစ်စင်းပေါ့
ပေမမှီဒေါက်မမှီ…နင်ရီမယ်ဆိုရင်တောင်
နင်သိလားကဗျာ
ငါအရုပ်ကြိုးပြတ် င့ါအသက်ထက် နင့်ကိုချစ်တယ်
တလှပ်လှပ်လှိုက်မောနေတဲ့ရင်နဲ့ တလက်လက်ထနေတဲ့မျှော်လင့်ချက်
ငါ မျက်စိ…မကန်းပါဘူးဟ…ငါကန်းချင်ယောင်ဆောင်ပြီးချစ်ခဲ့တာ
ကဗျာ နင်သိမှသိရဲ့လားဟာ…
နင့်အတွက်ငါ ချိနဲ့နေတဲ့ အားအင်နဲ့တောင် ပြုံးပြချင်တဲ့ကောင်ပါဟ
နောက်ဆုံးတော့ ငါလိုကောင် ယောင်တောင်တောင်ကြောင်တောင်တောင်နဲ့
ငါသိပါတယ်..ကဗျာ….အရာရာ နင့်အတွက်
မနက်မနက်ဆို နင့်အတွက်နင်မကြားအောင် တိုးတိုးလေးရေရွတ်ဖူးတယ်
နင်သိလား ကဗျာ ………….
အဲ့ဒါ….
ငါ……………..ဆိုတာ …….
နင်…..လိုရင်……..
အသုံးတော်ခံ နင့်ဖိနပ်………….
In: ကဗျာ Posted By: သားသား