ဆူးချိုးနှင်းဆီ
သဘာဝပန်းမဟုတ်ပါဘူးဟာ…
နင့်တဒင်္ဂအနမ်းအတွက် ခမ်းခမ်းနားနားကြွေကျချင်တဲ့ကောင်ပါ ကဗျာ………
နင်မသိအောင် ကပျာကယာ ရုတ်သိမ်းလိုက်တဲ့အထဲမှာ နင်မချိအောင်နင်းခြေလိုက်တဲ့ မာနတွေ တပုံတပင်ပေါ့
နင်ပြုံးရင်ပျော် နင်ရီရင် ငါကျေနပ် နင်လိုအပ်ခဲ့ရင်တောင်
နောက်ကတကောက်ကောက် မနေတတ်မထိုင်တတ် အနေခက်အောင် ဖြည့်ဆည်းပေးချင်တဲ့ ကောင်
အယောင်ဆောင်မေတ္တာတွေမရှိဘူး…. ကိန်းဂဏာန်းတွေလည်းမခမ်းနားဘူး…..
ဘုရားစူးမဲ့ မေတ္တာ သန့်သန့်ပါဟာ……
နင်မသိပါဘူး..ကဗျာ …. နင့်ရင်ထဲမှာလည်းငါ မ၇ှိပါဘူး….
ဒါတောင်မှ ငါဆိုတာ အခန်းဆက်နဲ့ နင့်အတွက်ရူးနေတာပါ
နင့်အတွက်ဆို မာနတွေခ၀ါချ…..ပြာယာခတ်အောင် ချိုးခြေပစ်လိုက်တဲ့ သိက္ခာတွေ ဖွေးဖွေးလှုပ်
နင်ပြောသလို ငါသက်ရှိအရုပ်ဟ
စိတ်တွေလည်း မသိချင်တော့ပါဘူးဟာ…. ဆန္ဒတွေလည်း မရှိချင်တော့ပါဘူး…..
ငါ့ဘာသာအရူးလို ခွေခေါက်နေပါရစေ ….. နင်ပေးသမျှနဲ့ကျေနပ်
ငါ နေတတ်အောင်နေပါရစေဟာ… နင်ညာရင်လည်းခံပါ့မယ်
နင်မလိုရင်လည်းပြန်ပါ့မယ် ဘာလို့လဲသိလားကဗျာ…..
ဒဏ်ရာတွေအထပ်ထပ်နေလည်းပဲ….နင်ဆိုတာ ငါ့အတွက် မဟုတ်ပေမယ့်လည်း ကဗျာ နင်သိလား
အဟား……………..
ငါဆိုတာ နင့်ဘယ်တော့မှလှည့်မကြည့်ဖြစ်မယ့် နင့်ခြေရာ………….
In: ကဗျာ Posted By: သားသား